Wednesday, December 6, 2017

မေ့ဆေးပေးလို့ အလွမ်းဖြေမည်

"မေ့ဆေးပေးလို့ အလွမ်းဖြေမည်"
👣👣👣👣👣👣👣👣👣👣👣

မင်းသိရဲ့လား....
မင်းရဲ့အပြုံးတစ်ပွင့်နဲ့
နွေးထွေးခဲ့ရတဲ့ ကိုယ့်ရင်ခွင်ဟာ
အခုတော့ ဆောင်းလေအေးတွေကြောင့်
ရင်ခွင်တစ်ခုလုံး အေးခဲစပြုနေပြီ....။

မင်းသိရဲ့လား....
နှစ်ကိုယ်တူ လျှောက်ခဲ့ဖူးတဲ့
သွားနေကြ နေရာတွေမှာ
ကိုယ်တစ်ယောက်ထဲ
စကားပြောတတ်နေပြီ.....။

မင်းသိရဲ့လား....
ကိုယ့်အနားမှာ မင်းမရှိဘူးဆိုတာ
သိနေတဲ့ စိတ်ကို မေ့ဆေးပေးပြီး
ကိုယ့်နဘေး မင်းရှိနေသလို
နေတတ်ခဲ့ပြီ....။

မင်းသိရဲ့လား....
တစ်ခါ တစ်ခါ
ယောက်ျားတန်မဲ့
အားငယ်စိတ်တွေ ဝင်မိတိုင်း
မင်းဓာတ်ပုံတွေ
အက်ကြောင်းထပ်အောင်ကြည့်ပြီး
အလွမ်းဖြေတတ်နေပြီ....။   ။


မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)

No comments:

Post a Comment

နီးနီးလေးနဲ့ ဝေးတယ်

မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...