Thursday, September 21, 2017

ကဗျာမဟုတ်တဲ့ ကဗျာ

ကဗျာမဟုတ်တဲ့ ကဗျာ


.... အောက်ဆီဂျင်မရတဲ့ အခန်းငယ်ထဲမှာ
ပတ်ဝန်းကျင်အနံ့ဆိုးတွေကြောင့်
ရင်ထဲက ကဗျာတွေ
လန့်ပြေးကုန်ပြီ။

.. ဆောက်တည်ရာမရတဲ့ငါ့စိတ်တွေ
နှလုံးသားကို လာလာရိုက်ခတ်နေတယ်
ကြွေလုဆဲဆဲ နှလုံးသားရဲ့
သက်ပြင်းချသံတွေက
မိုးထက်မှာ ဆူညံလို့။

ကိုယ့်ရင်ဘတ်နဲ့ကိုယ် လွမ်းတာတောင်
မလွတ်လပ်တဲ့ အသိုက်အမြုံမှာ
ကဗျာကို ကဗျာကယာရေးနေရတယ်
.. တစ်ခါ တစ်ခါ ကဗျာက ကဗျာမဟုတ်တော့ဘူး။


အိမ်ဝေးငှက်ငယ်(ကျောက်ပန်းတောင်း)

ဒီဂရီမြင့်တဲ့အလွမ်း

ဒီဂရီမြင့်တဲ့အလွမ်း
+++++++++++++

နှလုံးသားကိုထုပ်ပိုး
ခံစားချက်တွေ ခင်းကျင်းလို့
ဦးတည်ရာမရှိတဲ့ နေရာတွေဆီ
ငါ့စိတ် ခရီးထွက်နေတယ်
လမ်းခုလပ်မှာ
သံယောဇဉ်အဖျားတွေတက်လို့
ဥပေက္ခာဆွေးတွေ သောက်ခဲ့ရသေးတယ်
ဒါတောင် အကြင်နာတွေက ဒီဂရီမြင့်နေတုန်း


အိမ်ဝေးငှက်ငယ် ( ကျောက်ပန်းတောင်း)

ကဗျာမဆန်သူကို ကဗျာဆန်ဆန်ချစ်မိခြင်း

;;ကဗျာမဆန်သူကို ကဗျာဆန်ဆန်ချစ်မိခြင်း

++++++++++++++++++++++++++++


ကဗျာမကြိုက်တဲ့သူ့ကို
ကဗျာဆန်ဆန်ချစ်မိတဲ့ကျွန်တော်
သူ့ဖို့ရည်ရွယ်ကာ ကဗျာတွေရေး
လက်ရေးလှလှ ကူးလို့ပေးခဲ့ဖူးတယ်။

ရင်ထဲကအချစ် ကဗျာအဖြစ်နဲ့
ရွတ်ဖတ်ခဲ့ဖူးတယ်...။

အကြင်နာတွေကို မေတ္တာပန်းကုံးအနေနဲ့
...ပန်ဆင်ဖို့လည်း တယုတယသီကုံးပေးခဲ့ဖူးတယ်
ချစ်တာတွေ စာစီလို့ ကဗျာတစ်ပုဒ်ပေး
ရင်ခုန်စွာနဲ့ သူ့ကိုမေးတော့
သူက........
အပြုံးတစ်ပွင့်ကို ဦးစွာခြွေ
ခေါင်းကိုငုံ့ကာ တိုးတိုးဖြေ
မခံစားတတ်ဖူးတဲ့လေ.....။

သြော်...အချစ်ရယ်
ကိုယ့်ရဲ့မြတ်နိုးခြင်း ကဗျာတစ်ပုဒ်ကိုမှ
ရက်စက်စွာ ဆုတ်ချေလိုက်တဲ့ အရာဟာ
..ကိုယ့်ရဲ့ အသည်းနှလုံးဖြစ်နေတယ်ဆိုတာ
ချစ်သူ မသိလေရော့သလား.....။

ချစ်သူ ငါ့ကိုချစ်ရင် ငါချစ်တဲ့ ကဗျာတွေကို
ခံစားတတ်တဲ့တစ်နေ့ ငါ့ဆီပြန်လာပါ
...ငါ့ကိုချစ်ရင် ငါချစ်တဲ့ ကဗျာတွေလည်း ချစ်ရမယ်
မခံစားတတ်တဲ့ ချစ်သူအတွက်
ခံစားချက်တွေပြည့်ညက်နေတဲ့ငါ ။


အိမ်ဝေးငှက်ငယ်( ကျောက်ပန်းတောင်း )

ငါအရမ်းမုန်းတယ် အင်္ဂါနံ

ငါအရမ်းမုန်းတယ် အင်္ဂါနံ
+++++++++++++++++

စစ် တဲ့
ရေတောင်စစ်မသောက်ချင်
ပိတ်လိုက်ရပြီ စာသင်ကျောင်းတွေ
စွန့်လွှတ်ရပြီ ကိုယ်လက်အင်္ဂါတွေ
လူအဖြစ်ကို မတို့ထိရသေးခင်
အနှုတ်ခံလိုက်ရပြီ ။

ကလေးငယ်တွေရဲ့ဝိဥာဉ်တွေ
အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ရတာနဲ့
ဘေးကြက်ခြေပြင်းတာ မသိလိုက်ဘူး။ 

အရိပ်နေအခက်ချိုး တစ်ပင်လုံးမြိုရင်း
စစ်ခင်းခဲ့ဗျူဟာ
အရပ်ရှစ်မျက်နှာလုံး အမုန်းတွေနဲ့။

ကိုယ်ပိုင်တဲ့အိမ်ထဲမှာ
ကိုယ်မပိုင်တဲ့ မနက်ဖြန်တွေ
အသက်ဝဝ မရှူနိုင်တာကြာပေါ့။

လှေမျော လှေနဲ့လိုက်
ငွေမျော ငွေနဲ့လိုက်
အသက်ကို အသက်ပေးပြီး ဘယ်ချိန်ထိလိုက်နေရဦးမလဲ
ပြောင်းဝမှာ ပန်းပွင့်ဖို့လိုပြီ
ပြောင်းဝမှာ ပန်းပွင့်စေချင်ပြီ
ပြောင်းဝမှာ ပန်းပွင့်ပါရစေ။    ။


အိမ်ဝေးငှက်ငယ် (ကျောက်ပန်းတောင်း)

ယုံကြည်မှု ခန်းခြောက်သွားတဲ့ စိတ်

ယုံကြည်​မှုခန်း​ခြောက်​သွားတဲ့ စိတ်
🌺🤗🌺🌺🤗🌺 🌺🤗🌺🤗🌺

မြင်​နိုင်​တဲ့မျက်​လုံး​တွေက
အမှန်​တရားကိုမကြည့်​တတ်​​သောအခါ..
နားလည်​မှုဆိုတာ​တွေက
အလွဲလွဲအ​ချော်​​ချော်​ဖြစ်​ကုန်​တယ်​။

ကြားနိုင်​တဲ့နား​တွေက
ကောလဟလနဲ့ အမှန်​တရားကို
မခွဲခြားနိုင်​တဲ့အခါ...
မ​မျှော်​လင့်​တဲ့ပြဿနာ​တွေ
အလိုအ​လျောက်​ဖြစ်​လာတယ်​။

လွယ်​လွယ်​ယုံတတ်​တဲ့ စိတ်​က
အမှန်​တရားနဲ့ ​ဝေးကွာပြီး
မငြိမ်းချမ်းမှု​တွေကို ဖန်​တီး​ပေးတယ်​။

တစ်​ဖက်​ပိတ်​ အ​တွေး​တွေက
ကိုယ်​ချင်းစာစိတ်​​တွေကို
ခြောက်​လန့်​​နေတဲ့အခါ...
ယုံကြည်​မှု​တွေ ခန်း​ခြောက်​သွားတယ်​။

ဒီနား ဒီမျက်​လုံးနဲ့ ဒီစိတ်​​တွေဟာ
တကယ်​တန်း​တော့ 
မရှိမ​ကောင်း ရှိမ​ကောင်းဘဲ
မှန်​ကန်​စွာ အသုံးမပြုတတ်​လျှင်
ရင်​တွင်း စစ်​ ​တွေဖြစ်​ပြီး
နှလုံးသားက ဘယ်​​တော့မှ 
မငြိမ်းချမ်း​တော့ဘူး ။    ။

အိမ်​​ဝေးငှက်​ငယ်​(ကပတ)

နီးနီးလေးနဲ့ ဝေးတယ်

မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...