Tuesday, March 27, 2018

အစိမ်းရောင်မလေးရဲ့ ဒုက္ခအဖော်


အစိမ်းရောင်လေးရေ...
မင်းရဲ့ပျော်ရွှင်မှုက ဘာနဲ့အလားသဏ္ဍန်တူလဲဆိုရင်
လပြည့်ညမှာ သာတဲ့ ဖိုးရွှေလလိုပါဘဲ
မင်းရဲ့ပျော်ရွှင်သာယာမှုတွေ
ကိုယ့်ပေါ်ကျရောက်ပါလိမ့်မယ်။

အစိမ်းရောင်လေးရေ....
မင်းရဲ့ပူပင်သောက က
.  နွေခေါင်ခေါင်မှာ အရှိန်ပြင်းပြင်းနဲ့
. ပူပြင်းလှသော နေဝန်းကြီးဖြစ်ခဲ့မယ်ဆိုရင်
. မင်းရဲ့ပူပင်သောကတွေ ကိုယ့်ပေါ်ကျရောက်ပါလိမ့်မယ်။

. အစိမ်းရောင်လေးရေ....
. တစ်ခါတစ်လေ အဆင်မပြေမှုတွေနဲ့
ကြုံတွေ့ရတဲ့အခါ
. တစ်ခါတစ်လေ ဆင်းရဲဒုက္ခတွေနဲ့
. ရင်ဆိုင်ရတဲ့အခါ
. အစိမ်းရောင်လေးရဲ့ ရှေ့မှာ
. ကိုယ်အမြဲရှိနေတယ်ဆိုတာ မမေ့ပါနဲ့။

.  အစိမ်းရောင်လေး ကျေနပ်အားရတဲ့အခါ
ကိုယ့်ကိုယ်မေ့ထားနိုင်သလို
တဝကြီးပြုံးပျော်လိုက်ပါ။

.  ကိုယ်တစ်ခုဘဲ တောင်းဆိုပါရစေ
.  အစိမ်းရောင်လေး အဆင်မပြေတဲ့အခါ
.  အစိမ်းရောင်လေး စိတ်ဆင်းရဲတဲ့အခါ
.   အစိမ်းရောင်လေး ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ
ကိုယ့်ကို သတိတရနဲ့ ဖွင့်ဟပြောပါ။


.  မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)

တွန့်တိုမှု


လူတစ်ချို့ရဲ့ အပြုမူတွေက
သံယောဇဉ်နဲ့ မထိုက်တန်ဘူး

လူတစ်ချို့ရဲ့ လုပ်ရပ်တွေက
မေတ္တာတရားနဲ့ မထိုက်တန်ဘူး

လူတစ်ချို့ရဲ့ စိတ်ဓာတ်တွေက
ယုံကြည်မှုနဲ့ မထိုက်တန်ဘူး

ဒီလို မထိုက်တန်မှုတွေနဲ့
အခါမလပ် ကြုံတွေ့တဲ့အခါ
ချစ်မေတ္တာ သံယောဇဉ်နဲ့
ယုံကြည်မှုတွေကို
ဗုံးပေါလအော မသုံးရဲတော့ဘူး။

မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)

အဝေးထိန်း ခလုတ်


အဝေးထိန်းခလုတ်ရဲ့ ပြင်းအားက
ရိုက်ချိုးခံရတဲ့ ခြေအစုံလို
. လျှောက်လှမ်းဖို့ မစွမ်းသာတော့ဘူး
. ဘုရင့်အမိန့်ကို လွန်ဆန်ရင်
. တစ်ခါဘဲ သေရမယ်
. သူ့အမိန့်ကို ဖီဆန်ရင်
. အခါခါသေရမယ်
. တစ်သက်မှာ တစ်ခါဘဲ သေချင်တယ်။


.  မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)

နှလုံးသားနဲ့ လမ်းခင်းပေးမယ် ရဲရဲသာလှမ်းခဲ့တော့ ချစ်သူ


ဘဝဆိုတာ ပန်းခင်းလမ်းမဟုတ်ပေမယ့်
ခြေလှမ်းတိုင်း ဆူးငြောင့်မထိဖို့
မင်းလျှောက်မယ့်လမ်းမှာ
ငါ့နှလုံးသား လမ်းခင်းပေးမယ်
ရဲရဲသာ လျှောက်ခဲ့ပါတော့ ။



မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)

Tuesday, March 6, 2018

အမေအိုရဲ့ နုပျိုခြင်းများ....

အဖေမရှိတော့တဲ့ နောက်
အမေ့ရဲ့ ရုန်းကန်လှုပ်ရှားခြင်းတွေနဲ့
တည်ခင်းထားတဲ့ ထမင်းဝိုင်းမှာ
ပင်ပန်းခြင်းတွေ အတို့အမြှုပ်လုပ်ပြီး
ချွေးစက်တွေကို ဟင်းရည်ဆမ်းဖြစ်ခဲ့တယ်
ဒီလိုနဲ့......
အသိစိတ်တစ်ဝက်က
တစ်နေ့တာကုန်ဆုံးမှုကို ထိုင်စောင့်ရင်း
အသိစိတ်တစ်ဝက်က
မနက်ဖြန်အတွက် ရင်မောလို့ ။

အသက်ခြောက်ဆယ်ပြည့်တော့မယ့် အမေအိုဟာ
စိတ်ဓာတ်နုပျိုခြင်းတွေနဲ့
အဖေ့ရဲ့တာဝန်ကို ပုခုံးပြောင်းယူရင်း
အရွယ်နဲ့မလိုက် ရုန်းကန်ခဲ့ရတယ်။

အမေ့မှာ ပွဲလမ်းသဘင်သွားဖို့ အချိန်မရှိဘူး
အမေ့မှာ ဘုရားဖူးသွားဖို့ အချိန်မရှိဘူး
အမေ့မှာ ဘုန်းကြီးကျောင်းသွားဖို့ အချိန်မရှိဘူး
အမေဟာ အချိန်ပြည့် ချက်ပြုတ်နေရတယ်
အမေဟာ အချိန်ပြည့် နွမ်းနယ်နေရတယ်။

အခုတော့ အမေဟာ
ထာဝရငြိမ်းချမ်းခြင်းတွေနဲ့အတူ
အဝေးဆုံးကို ထွက်ခွာသွားခဲ့ပေမယ့်
မိဘကျေးဇူးဆပ်ခွင့် မရလိုက်တဲ့ သားတို့မှာ
" နောင်တ"ဆိုတာကြီးက
တွေးမိတိုင်း ခြောက်ခြားစေတယ်...။

အမေရယ်...
မကြားနိုင်မှန်းသိရဲ့နဲ့ အော်ခေါ်လိုက်ချင်တယ်
မလာနိုင်မှန်းသိရဲ့နဲ့ ပြန်ခေါ်လိုက်ချင်တယ်
အမေ့ကျေးဇူးတွေ ဆပ်ချင်သေးတယ်လေ။

မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)

မအိုတဲ့အချစ်ရဲ့ နုပျိုခြင်း

အိမ်အိုတော့ ကျားကန်
လူအိုတော့ ပန်းပန်ဆိုတဲ့စကားပုံအရ
ကိုယ် တယုတယနဲ့ စိုက်ပျိုးထားတဲ့
နှင်းဆီပွင့်နီနီ
ပွင့်ဖတ်တွေ ကြွေကျတဲ့အထိ
ငေးကြည့်နေမိခြင်းအပေါ်
ကိုယ့်ကို သံသယ မဖြစ်ပါနဲ့
မင်းဟာ....ကိုယ့်အတွက်
ထာဝရ နုပျိုနေဆဲမို့ပါ။


မောင်ထွန်းဝင်း( ကျောက်ပန်းတောင်း)

လူဖြစ်ခွင့်ပေးတဲ့အတွက် လူဖြစ်အောင် ကြိုးစားမယ်အမေ


အမေရေ....
လောကကြီးမှာလေ
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့စကားက
သားအတွက်တော့ မဟာအမှားကြီးပါဘဲ
တောင့်တတိုင်းသာ ပြည့်ဝမယ်ဆိုရင်
အမေနဲ့အတူ ပြန်နေချင်မိတယ်
ဒါလည်း...သားရဲ့ အတ္တတစ်ခုဘဲလေ
ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။

အမေရေ....
အမေ့ရဲ့ သွန်သင်ဆုံးမမှုတွေနဲ့
ကြီးပြင်းခဲ့ရတဲ့ အခိုက်အတန့်တွေကို
ပြန်လိုချင်နေမိတယ်....
လိုချင်တယ်ဆိုတာထက် အမေရယ်
လိုအပ်တယ်ဆိုရင် ပိုပြီးပြည့်စုံပါလိမ့်မယ်
ဒါလည်း....သားရဲ့ အတ္တတစ်ခုဘဲလေ
ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ.....။

အမေရေ.....
ဘဝဆက်တိုင်းအတွက်
ကြိုတင်ဆုတောင်းမိပါရဲ့
အမေအဖေ မရှိတဲ့ ဘဝ
ဘယ်တော့မှ မဖြစ်ပါစေနဲ့ပေါ့....
တကယ်တော့လည်းအမေရယ်
ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆိုရင်
လွမ်းစေတီဆိုတာ ဘယ်ရှိပါ့မလဲ
ကံကြမ္မာမုန်တိုင်းက
မျက်နှာသာမှ မပေးခဲ့တာ
အခုတော့လည်း ပန်းကြာရေဝေးဘဝနဲ့
လောကကို အံတုရင်း
ဒီနေ့.....အသက်တစ်နှစ်ပိုကြီးလာခဲ့ပြီ...။

အမေရေ...
တန်ပေါင်းလပြည့်ကျော်(၂)ရက်
မတ်လ(၃)ရက်နေ့မှာ
သားကို လူဖြစ်ခွင့်ပေးခဲ့တဲ့အတွက်
သား...လူဖြစ်အောင် (လူပီသအောင်)
ကြိုးစားနေပါ့မယ်...
အမေနဲ့ အဖေ့အတွက်
သား....လုပ်ပေးနိုင်တာ
ကုသိုလ်ကောင်းမှုတွေဘဲရှိတယ်
ရောက်ရာအရပ်က သာဓုခေါ်ပါ အမေ
ရောက်ရာအရပ်က သာဓုခေါ်ပါ အဖေ...။

အိမ်ဝေးငှက်ငယ်(ကျော်ကပန်းတောင်း)

နီးနီးလေးနဲ့ ဝေးတယ်

မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...