Sunday, August 27, 2017

အဖြည့်ခံနှလုံးသားနဲ့လူ
❤💙💚💛💜💛💜

ချစ်သူ.. မင်းက သနပ်ခါးတုံးဆိုရင်
ကိုယ်က ကျောက်ပြင်တစ်ချပ်ပေါ့
ကိုယ့်ဘဝ လုံးပါးပါးရင် ပါးပါစေ
မင်းမျက်နှာလေး လှနေရင် ကျေနပ်နေမယ့်ကောင်ပါ

ချစ်သူ.. မင်းက မိုးပျံပူဖောင်းဆိုရင်
ကိုယ်က အောက်ဆီဂျင်ပေါ့
ကိုယ့်အတွက် အောက်ဆီဂျင်မရှိရင်နေပါစေ
မင်းဘဝလေးမြင့်မားနေတာကို
အဝေးကငေးကြည့်နေချင်သူပါ

ချစ်သူ..မင်းက လိပ်ပြာတစ်ကောင်ဆိုရင်
ကိုယ်က ပန်းတစ်ပွင့်ဖြစ်ချင်တယ်
ကိုယ့်ရဲ့ဝတ်ရည်တွေကို စားသုံးပြီး
မင်းဘဝလေး လှပစေချင်တဲ့ ဆန္ဒနဲ့ပါ

ချစ်သူ.. နေပူပူမှာ မင်းလမ်းလျှောက်တဲ့အခါ
ကိုယ် ဖိနပ်တစ်ရံဖြစ်ချင်မိတယ်
အဲ့ဒီအခါ ကိုယ့်အပေါ်ချနင်းလိုက်ပါ
မင်းခြေဖဝါးလေး အပူဒဏ်မသင့်အောင်ပေါ့

ချစ်သူရေ... စွယ်တော်ဆိုတာ
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သတဲ့
မင်းဘဝက ကိုယ်မဟုတ်ခဲ့ရင်တောင်
ကိုယ့်ဘဝက မင်းဆိုတာ မမေ့ပါနဲ့
ဟုတ်တယ်... မင်းက ကိုယ့်ဘဝရဲ့ မျှော်လင့်ခြင်း
ကိုယ့်ဘဝရဲ့ ပန်းတိုင်
ကိုယ့်ဘဝရဲ့ ရှင်သန်ရာ
ကိုယ့်


ရဲ့......အလိုအပ်ဆုံးပါကွာ....။    ။


အိမ်ဝေးငှက်ငယ်(ကျောက်ပန်းတောင်း)
22.7.2017 စနေနေ့

ယုံကြည်​မှုခန်း​ခြောက်​သွားတဲ့ စိတ်
🌺🤗🌺🌺🤗🌺 🌺🤗🌺🤗🌺

မြင်​နိုင်​တဲ့မျက်​လုံး​တွေက
အမှန်​တရားကိုမကြည့်​တတ်​​သောအခါ..
နားလည်​မှုဆိုတာ​တွေက
အလွဲလွဲအ​ချော်​​ချော်​ဖြစ်​ကုန်​တယ်​။

ကြားနိုင်​တဲ့နား​တွေက
ကောလဟလနဲ့ အမှန်​တရားကို
မခွဲခြားနိုင်​တဲ့အခါ...
မ​မျှော်​လင့်​တဲ့ပြဿနာ​တွေ
အလိုအ​လျောက်​ဖြစ်​လာတယ်​။

လွယ်​လွယ်​ယုံတတ်​တဲ့ စိတ်​က
အမှန်​တရားနဲ့ ​ဝေးကွာပြီး
မငြိမ်းချမ်းမှု​တွေကို ဖန်​တီး​ပေးတယ်​။

တစ်​ဖက်​ပိတ်​ အ​တွေး​တွေက
ကိုယ်​ချင်းစာစိတ်​​တွေကို
ခြောက်​လန့်​​နေတဲ့အခါ...
ယုံကြည်​မှု​တွေ ခန်း​ခြောက်​သွားတယ်​။

ဒီနား ဒီမျက်​လုံးနဲ့ ဒီစိတ်​​တွေဟာ
တကယ်​တန်း​တော့
မရှိမ​ကောင်း ရှိမ​ကောင်းဘဲ
မှန်​ကန်​စွာ အသုံးမပြုတတ်​လျှင်
ရင်​တွင်း စစ်​ ​တွေဖြစ်​ပြီး
နှလုံးသားက ဘယ်​​တော့မှ
မငြိမ်းချမ်း​တော့ဘူး ။    ။

အိမ်​​ဝေးငှက်​ငယ်​(ကပတ)

Monday, August 21, 2017

English Poem

အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။

အခြားကဗျာ

အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။

တာရာမင်းဝေ အမှတ်တရ


အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။ အစမ်းရေးသားထားသော Post ဖြစ်ပါသည်။

နီးနီးလေးနဲ့ ဝေးတယ်

မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...