ယုံကြည်မှုခန်းခြောက်သွားတဲ့ စိတ်
🌺🤗🌺🌺🤗🌺 🌺🤗🌺🤗🌺
မြင်နိုင်တဲ့မျက်လုံးတွေက
အမှန်တရားကိုမကြည့်တတ်သောအခါ..
နားလည်မှုဆိုတာတွေက
အလွဲလွဲအချော်ချော်ဖြစ်ကုန်တယ်။
ကြားနိုင်တဲ့နားတွေက
ကောလဟလနဲ့ အမှန်တရားကို
မခွဲခြားနိုင်တဲ့အခါ...
မမျှော်လင့်တဲ့ပြဿနာတွေ
အလိုအလျောက်ဖြစ်လာတယ်။
လွယ်လွယ်ယုံတတ်တဲ့ စိတ်က
အမှန်တရားနဲ့ ဝေးကွာပြီး
မငြိမ်းချမ်းမှုတွေကို ဖန်တီးပေးတယ်။
တစ်ဖက်ပိတ် အတွေးတွေက
ကိုယ်ချင်းစာစိတ်တွေကို
ခြောက်လန့်နေတဲ့အခါ...
ယုံကြည်မှုတွေ ခန်းခြောက်သွားတယ်။
ဒီနား ဒီမျက်လုံးနဲ့ ဒီစိတ်တွေဟာ
တကယ်တန်းတော့
မရှိမကောင်း ရှိမကောင်းဘဲ
မှန်ကန်စွာ အသုံးမပြုတတ်လျှင်
ရင်တွင်း စစ် တွေဖြစ်ပြီး
နှလုံးသားက ဘယ်တော့မှ
မငြိမ်းချမ်းတော့ဘူး ။ ။
အိမ်ဝေးငှက်ငယ်(ကပတ)
Sunday, August 27, 2017
Subscribe to:
Post Comments (Atom)
နီးနီးလေးနဲ့ ဝေးတယ်
မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...
-
အဖြည့်ခံနှလုံးသားနဲ့လူ ❤💙💚💛💜💛💜 ချစ်သူ.. မင်းက သနပ်ခါးတုံးဆိုရင် ကိုယ်က ကျောက်ပြင်တစ်ချပ်ပေါ့ ကိုယ့်ဘဝ လုံးပါးပါးရင်...
-
အစိမ်းရောင်လေးရေ... မင်းရဲ့ပျော်ရွှင်မှုက ဘာနဲ့အလားသဏ္ဍန်တူလဲဆိုရင် လပြည့်ညမှာ သာတဲ့ ဖိုးရွှေလလိုပါဘဲ မင်းရဲ့ပျော်ရွှင်သာယာမှုတွေ ကိုယ့်...
-
"မေ့ဆေးပေးလို့ အလွမ်းဖြေမည်" 👣👣👣👣👣👣👣👣👣👣👣 မင်းသိရဲ့လား.... မင်းရဲ့အပြုံးတစ်ပွင့်နဲ့ နွေးထွေးခဲ့ရတဲ့ က...
No comments:
Post a Comment