Thursday, September 21, 2017

ကဗျာမဆန်သူကို ကဗျာဆန်ဆန်ချစ်မိခြင်း

;;ကဗျာမဆန်သူကို ကဗျာဆန်ဆန်ချစ်မိခြင်း

++++++++++++++++++++++++++++


ကဗျာမကြိုက်တဲ့သူ့ကို
ကဗျာဆန်ဆန်ချစ်မိတဲ့ကျွန်တော်
သူ့ဖို့ရည်ရွယ်ကာ ကဗျာတွေရေး
လက်ရေးလှလှ ကူးလို့ပေးခဲ့ဖူးတယ်။

ရင်ထဲကအချစ် ကဗျာအဖြစ်နဲ့
ရွတ်ဖတ်ခဲ့ဖူးတယ်...။

အကြင်နာတွေကို မေတ္တာပန်းကုံးအနေနဲ့
...ပန်ဆင်ဖို့လည်း တယုတယသီကုံးပေးခဲ့ဖူးတယ်
ချစ်တာတွေ စာစီလို့ ကဗျာတစ်ပုဒ်ပေး
ရင်ခုန်စွာနဲ့ သူ့ကိုမေးတော့
သူက........
အပြုံးတစ်ပွင့်ကို ဦးစွာခြွေ
ခေါင်းကိုငုံ့ကာ တိုးတိုးဖြေ
မခံစားတတ်ဖူးတဲ့လေ.....။

သြော်...အချစ်ရယ်
ကိုယ့်ရဲ့မြတ်နိုးခြင်း ကဗျာတစ်ပုဒ်ကိုမှ
ရက်စက်စွာ ဆုတ်ချေလိုက်တဲ့ အရာဟာ
..ကိုယ့်ရဲ့ အသည်းနှလုံးဖြစ်နေတယ်ဆိုတာ
ချစ်သူ မသိလေရော့သလား.....။

ချစ်သူ ငါ့ကိုချစ်ရင် ငါချစ်တဲ့ ကဗျာတွေကို
ခံစားတတ်တဲ့တစ်နေ့ ငါ့ဆီပြန်လာပါ
...ငါ့ကိုချစ်ရင် ငါချစ်တဲ့ ကဗျာတွေလည်း ချစ်ရမယ်
မခံစားတတ်တဲ့ ချစ်သူအတွက်
ခံစားချက်တွေပြည့်ညက်နေတဲ့ငါ ။


အိမ်ဝေးငှက်ငယ်( ကျောက်ပန်းတောင်း )

No comments:

Post a Comment

နီးနီးလေးနဲ့ ဝေးတယ်

မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...