မချစ်တတ်တဲ့ မင်းနဲ့
အချစ်ငတ်တဲ့ ငါ့ဘဝ
နားနဲ့မျက်စိလို
နီးလျက်နဲ့ ဝေးခဲ့ရ။
ငါကအဖြူဆို
နင်ကအမည်း
. နှလုံးသားချင်း
နီးနေလည်း
သွေးညှိနံ့တွေ
နံနေတာကလွဲလို့
ဘာမှ ထူးမလာခဲ့...။
ရင်နာစကားပြောသူကိုမှ
အကြင်နာတရားတွေ
ထားနေမိတဲ့
ငါ့နှလုံးသားကို
အက်ဆစ်ရည်ထဲ
စိမ်ထားလိုက်ချင်ရဲ့...။
. မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)
No comments:
Post a Comment