Wednesday, April 4, 2018

အချစ်ပေးလို့ အချစ်မရတဲ့အခါ


ချစ်ခဲ့ဖူးပါတယ်
ရူးမသွားရုံလေး။
လွမ်းခဲ့ဖူးပါတယ်
အသည်းမကြွေရုံလေး။

တွယ်တာတဲ့စိတ်
ဖယ်ခွာလို့မပစ်နိုင်
တစ်နေ့ထက်တစ်နေ့
အချစ်တွေ တိုးတိုးရစ်လို့
ခိုးခိုးချစ်ရတဲ့ဘဝ
လွမ်းတာတောင်
မလောက်မငှနဲ့...။

အချစ်ပေးလို့ 
အချစ်မရတဲ့ဘဝ
ကြားထဲက အသည်း
မဆီမဆိုင်နဲ့ 
ဟတ်တက်ကွဲပြီ
. ဝေး..... ဝေးခဲ့ပြီလေ..။

. မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)

No comments:

Post a Comment

နီးနီးလေးနဲ့ ဝေးတယ်

မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...