Wednesday, April 4, 2018

နိစ္စတွေ အနိစ္စဖြစ်နေတဲ့အခါ


နံနက်ခင်းရဲ့ မိုးသက်လေပြင်းတွေနဲ့အတူ
ငါ နိုးထလာပြီဆိုရင်ဘဲ
နားထဲမှာကြားလိုက်ရတဲ့စကား
နှလုံးသားကို အရှိန်ပြင်းပြင်းထိမှန်
ပြာပြာသလဲ လူးလှိမ့်ထရင်း
အိမ်နောက်ခန်းကို ဒုန်းစိုင်းပြေး
ဟူး......တော်ပါသေးရဲ့
ခိုးသူလက်ထဲ ပါမသွားတဲ့
ငါ့ရဲ့ စီးတော်ယာဉ်နှစ်စင်း
ကွင်းကွင်းကွက်ကွက်ကြီးမြင်နေရလို့။

အနိစ္စ ဒုက္ခ အနတ္တ
တည်မြဲခြင်းဟာ မတည်မြဲခြင်းလို့ သိထားပေမယ့်
ခွေးဟောင်တိုင်းခေါင်းထောင်ကြည့်ရတာလဲ
အိပ်ပျက်ညပေါင်း များလှပြီ
ခေါင်းထောင်ထောင်ကြည့်တဲ့ကြားထဲကဘဲ
အနိစ္စတွေ ဖြစ်ဖြစ်သွားတာ
ဝင်လေထွက်လေ မှတ်ရလွန်းလို့
ရင်ဘတ်တွေတောင် အောင့်အောင့်လာတယ်။


                       .မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)


No comments:

Post a Comment

နီးနီးလေးနဲ့ ဝေးတယ်

မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...